တစ်နေ့ထက်တစ်နေ့ပိုပိုချစ်စရာကောင်းလာပြီး ပရိသတ်တွေရဲ့အချစ်တွေကို စုပြုံရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့ သားချောလေး လွင်ထက်(ခ) Liam လေးပါ။ သားလေးဟာ အသက်အရွယ်နဲ့မလိုက်အောင်ကိုပင် လိမ္မာရေးခြားရှိသူဖြစ်တာကြောင့် အားလုံးက အချစ်ပိုနေရတာပါ။ လီလီလုံးလေးဟာ ဖေဖေနဲ့မေမေအလည်အပတ်ရောက်ရှိနေတာဖြစ်တာကြောင့် မိသားစုခရီးစဉ်လေးတွေလည်း ထွက်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ 

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

သားလေးရဲ့ အမူအရာလေးတွေဟာလည်း မြင်ရသူတိုင်းကို မချစ်ဘဲမနေနိုင်အောင်ကို ဖြစ်နေရတာပါ။ လီလီလုံးလေးရဲ့မိသားစုဝင်များကလည်း သားလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကို မကြာခဏ တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သားသားရဲ့ဗီဒီယိုလေးတစ်ခုကို အဖွားဖြစ်သူ အန်တီမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ 

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

ဒါကတော့ လက်ခုပ်တီးတဲ့အတိုင်းစည်းချက်ကျကျလိုက်ကနေတဲ့ Liam ရဲ့အသည်းယားစရာ Video လေးပဲ ဖြစ်ပါတယ်။ လီလီလုံးလေးဟာ စည်းချက်သံကြားတာနဲ့ကို ကတတ်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- May Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။