နေနဲ့လ ရွှေနဲ့မြ လိုလိုက်ဖက်တင့်တယ်တဲ့ အတွဲလေးလို့ ပရိသတ်တွေသတ်မှတ်ထားကြတာကတော့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက်လည်း အမြဲမခွဲအတူ အမြဲချစ်ချစ်ခင်ခင်နေထိုင်တာကြောင့်လည်း ပရိသတ်တွေက ကြည်နူးအားကျနေတာပါ။ ပိုင်ဇေရဲထွန်းကလည်း အနုပညာအလုပ်တွေမှအနားယူကာ ချစ်ဇနီးလေးနဲ့အတူ စီးပွားရေးအတူလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Zin Thae Naing’s Facebook
Photo Credit- Zin Thae Naing’s Facebook
Photo Credit- Zin Thae Naing’s Facebook

အသက်အရွယ်ကွာဟသော်လည်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နားလည်မှုတွေနဲ့ တည်ဆောက်လာတာ ယခုဆို မင်္ဂလာသက်တမ်း ၁၃နှစ်ကျော်တောင် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ သူတို့ရဲ့သားသမီးတွေဟာလည်း အဖေတူ အမေတူတွေလို့ပြောရလောက်အောင် အရမ်းကို ချောမောလှပနေတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေထံ အမြဲမျှဝေလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

Photo Credit- Zin Thae Naing’s Facebook
Photo Credit- Zin Thae Naing’s Facebook
Photo Credit- Zin Thae Naing’s Facebook

အခုမှာလည်း ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ဇင်သဲနိုင်တစ်ယောက် ချစ်ခင်ပွန်းကိုချစ်လွန်းလို့လမ်းလျှောက်လာတာလေးကိုVideoခိုးရိုက်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Zin Thae Naing’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။