၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှာ ပြင်းအား ၈.၁ ရှိတဲ့ ငလျင်ကြီး စက္ကန့်၂၀ ကြာလှုပ်ခတ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ တိုက်တာအဆောက်အအုံတွေ များစွာပျက်စီးပြီး၊ လူအသေအပျောက်များခဲ့ပါတယ်။ အဲ့ထဲကမှ အဆိုးဆုံးလို့ ပြောရမယ့် ကိစ္စကတော့ အမျိုးသမီးတွေနဲ့၊ ကလေးငယ်တွေ လူကုန်ကူးခံခဲ့ရတာ ဖြစ်ပါတယ်။ ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။

photo credit pngtree

ငလျင်ဒဏ်ကြောင့် နီပေါ နိုင်ငံမှာ လူပေါင်း သိန်းသန်းချီကာ ဒုက္ခရောက်ခဲ့ကြပြီး မိန်းကလေးငယ်များဟာ လူကုန်ကူးသူများရဲ့ သားကောင်များ ဖြစ်လာကြပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ နီပေါနိုင်ငံတွင် မိန်းကလေး ၁၂၀၀၀ မှ ၁၅၀၀၀ ဟာ နှစ်စဉ် လူကုန်ကူးခံခဲ့ကြရပြီး ပင်လယ်ရပ်ခြားသို့ ခေါ်ဆောင်ခံခဲ့ရပါတယ်။ အများစုမှာ အိန္ဒိယနိုင်ငံရှိ ဇိမ်ခန်းများသို့ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ အချို့ကျတော့ ဝေးလံလှသော တောင်အာဖရိကလို နိုင်ငံမျိုးတွေအထိပါ ရောက်ရှိသွားကြရတာ ဖြစ်ပါတယ်။

photo credit pngtree

စိတ်မကောင်းစွာနဲ့ပဲ အမျိုးသမီးအများစုဟာ ဆိုးရွားစိတ်ပျက်ဖွယ် အခြေအနေများမှာ အလုပ်လုပ်ခဲ့ကြရပါတယ်။ ကယ်ဆယ်ရေး အမည်ခံကာ ရောက်ရှိလာမယ့် လူပွဲစားများကို ခတ္တမန္ဒူမြို့မှ NGOအဖွဲ့တစ်ခုဖြစ်တဲ့ ရှက်စကီမူဟာ အဖွဲ့က သတိပေး နှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာများတွင် အခုလို လူကုန်ကူးသူများအတွက် အခွင့်အလမ်းတစ်ရပ်သဖွယ် ဖြစ်နေတာကို မီးမောင်းထိုးပြသွားတာဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားခဲ့တဲ့ သတင်းလေးကို အသိဗဟုသုတရဖွယ် တင်ဆက်ပေးသွားတာကြောင့် ဖတ်ရှုရတာ စိတ်ကျေနပ်အားရကြမယ်လို့ ယုံကြည်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။