photo credit - beastcoast twitter

Beastcoast Dota 2 အသင်းကတော့ လာမယ့် DreamLeague Season 13 ကို Stand in player ခေါ်ယူပြီး ကစားသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Beastcoast ရဲ့ ကြေညာချက်ကတော့ အသင်းရဲ့ offlaner ဖြစ်သူ Wisper ဟာ ကျန်းမာရေးပြသနာကြောင့် DreamLeague season 13 ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူ့ရဲ့နေရာမှာ အရင် paiN Gaming ရဲ့ player ဟောင်း Lelis ကို stand in အနေနဲ့ ခေါ်ယူအစားထိုးသွားမယ်ဆိုတာပဲဖြစ်ပါတယ်။

Wisper ကတော့ လာမယ့် ဖေဖော်ဝါရီလထဲမှာပြုလုပ်မယ့် ESL LA 2020 Major Qualifier မှာတော့ အသင်းကိုပြန်လည်ရောက်ရှိလာမယ်လို့လည်း ကြေညာခဲ့ပါတယ်။

လက်ရှိ DreamLeague season 13 ဝင်ရောက်ယှဉ်ပြိုင်မယ့် beastcoast အသင်းရဲ့ Dota 2 line up ကတော့

Po 1 – K1

Po 2 – Chris Luck

Po 3 – Lelis

Po 4 – Scofield

Po 5 – Stinger တို့ပဲဖြစ်ပါတယ်။

source - beastcoast twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။