ပရိသတ်ကြီးရေ.. ဦးတီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားချောဖြစ်တဲ့ ပြေတီဦးကတော့ ဇာတ်ကားရိုက်ကူးရေးမှာပဲ စိတ်နှစ်ဖို့အတွက် ပြီးခဲ့တဲ့လပိုင်းလောက်က သူ့ရဲ့fb Acc ကို D ထားပြီး မကြာသေးခင်ကမှ Fan တွေအတွက် Fb ပြန်သုံးခဲ့ပါတယ်နော်..။

Fb မှာ စိတမကောင်းစရာ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကလေးတွေနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကို ဖတါရတအခါမှာလည်း တစ်နေ့လုံး ဘာမှလုပ်လို့ မရအောင် စိတ်မကောင်းဖြစ်တဲ့အကြောင်းလေးကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်..။


Photo Credit – Amazing Grace Photography
Photo Credit – pyay Ti Oo’s Facebook

ကိုယ်နဲ့ သက်ဆိုင်တဲ့ သတင်းမှ မဟုတ်ဘဲ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် တချို့သတင်းတွေက စိတ်ကိုအရမ်းထိခိုက်ပြီးတော့ ခံစားရပြီး လူပျိုဘဝတုန်းက ဘယ်ကလေးက ဘာဖြစ်သွားတယ် ဘယ်သူက ထိခိုက်သွားတယ်ဆိုရင် စိတ်မကောင်းဖြစ်တဲ့ သတင်းတစ်ခုအနေနဲ့ ဖတ်သွားလို့ရပေမယ့် ရင်သွေးလေးနှစ်ယောက်ရှိလာတဲ့အခါ အဲ့ဒီသတင်းတွေက သာမန်သတင်းမဟုတ်တော့ဘဲ တစ်နေ့လုံး စိတ်မကောင်းဖြစ်ရတယ်ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။

“စိတ်ကိုအရမ်းထိခိုက်စေတဲ့ နေရထိုင်ရခက်စေတဲ့ တစ်ရက်လုံးကို နေရတာမပျော်တော့စေတဲ့ သတင်းမျိုးဖြစ်လာစေလို့ တစ်ခါတစ်ခါကျရင် နှလုံးတွေလည်း မကောင်းတော့သလိုဖြစ်ကာ အလုပ်လုပ်နေတဲ့အခါမှာလည်း စိတ်တစ်ဝက်က သနားတာစိတ်မကောင်းတာနဲ့ သူတို့လေးတွေနောက်ဆုံးအချိန်လေးထဲမှာ ဘယ်လိုရင်ဆိုင်ခဲ့မလဲဆိုပြီး စိတ်ထဲမှာတွေးပြီး အကုန်ရှုပ်ကုန်ရော ရင်ထဲလည်း ပြောရင်ကို အဆင်မပြေဘူး..” ဆိုပြီး ဦးတီက ပြောပြထားတာပါ..။


Photo Credit – pyay Ti Oo’s Facebook
Photo Credit – Amazing Grace Photography

Facebook ကို သုံးလလောက် Delete လိုက်တယ်.... Facebook မသုံးရတာ အရမ်းအဆင်ပြေပါတယ် အဲ့လိုစိတ်ကိုအရမ်းခံစားရတဲ့သတင်းလေးတွေ မဖတ်ဖြစ်တဲ့အခါ ဘာပဲဖြစ်ဖြစ် အေးချမ်းတယ် ကိုယ့်အတွက်လည်း အချိန်ပိုရတယ် မိသားစုအတွက်လည်း အချိန်ပိုရတယ် ဆိုပြီးတော့လည်း D ထားတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ဦးတီပြောပြထားတဲ့ fb မသုံးဖြစ်တဲ့အကြောင်းနဲ့ ကလေးတွေနဲ့ ပတ်သတ်တဲ့ သတင်းဆိုးတွေကြောင့် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – pyay Ti Oo’s Facebook
Photo Credit – pyay Ti Oo’s Facebook

Photo Credit – pyay Ti Oo’s Facebook & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။