နေမင်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ကနေ အောင်မြင်မှုတွေရရှိ နေတာပဲဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းကလည်းကြရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်မှုတွေကြောင့် အနုပညာနယ် ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ နေမင်းက အနုပညာအလုပ်တွေကိုလုပ်ရင်း ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးသူလည်းဖြစ်ပါတယ်။

Photo Credit – Phu Sone
Photo Credit – Phu Sone

လတ်တလောမှာတော့ နေမင်း ရေးဦးမြို့မှာရှိတဲ ဆရာတော်တည်ဆောက်လှူဒါန်းထားသော သံဃာ့ဆေးရုံ (၂)ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားကို အခြာအနုပညာရှင်မောင်နှတွေနဲ့ သွားရောက်ကုသိုလ်ပြုခဲ့တဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာဆိုရင်တော့ အောင်ဇမ္ဗူ(၂)ထပ်ကျောင်းဆောင်သစ်ပွဲအခမ်းအနားကို သံဃာ့ဆေးရုံ အတွက် လိုအပ်တဲ့ Ultrasound စက်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများက ကျောင်းသူ ၊ ကျောင်းသား ၊ ဆရာ ၊ဆရာမများ ၊ ကျောင်း၏ဦးဆောင်သူများနှင့် နေမင်းတို့အနုပညာရှင်မောင်နှတွေကို ဆရာတော်ဘုရားက သြဝါဒတရားများ မိန့်ကြားခဲ့ပါတယ်

Photo Credit – Phu Sone
Photo Credit – Phu Sone

နေမင်းတို့ အနုပညာရှင်မောင် နှမတွေ ကောင်းမှုကုသိုလ်ပြုနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသဘောကျစေမှာသေးချာပါတယ်။ပရိသတ်ကြီးကလည် ရေဦးမြို့လေးမှာ အောင်ဇမ္ဗူ(၂)ထပ်ကျောင်းဆောင်သစ် အခမ်းအနားပွဲကိုသွားရောက်ကုသိုလ်ယူနေတဲ့ နေမင်းကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်..။ ကဲ့ ချစ်ပရိသတ်ကြီး ယခုအခါမှာတော့ ရေဦးမြို့ သံဃာ့ဆေးရုံ (၂)ထပ်ကျောင်းဆောင်သစ်အခမ်းအနား ပွဲကိုသွားရောက် ကုသိုလ်ပြုခဲ့တဲ့ နေမင်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Phu Sone

Source – Nay Min’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။