သရုပ်ဆောင် မင်းသားချောလေး နိုင်းနိုင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုသာရရှိပိုင်ဆိုင်ထားရုံမကသေးဘဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ယနေ့ထိတိုင်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူဟာ လတ်တလောမှာတော့ အနုပညာအလုပ်လေးတွေ ခဏနားကာ မိသားစုရှိရာ နယူးယောက်မြို့ကို ခေတ္တသွားရောက်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သူတို့မိသားစုလေးကို ချစ်ပေးကြတဲ့အတွက်လည်း နိုင်းနိုင်းတစ်ယောက် ကြည်နူးပီတိဖြစ်နေရတာပါ။ 

Photo Credit- Chosandy99’s Instagram
Photo Credit- Chosandy99’s Instagram
Photo Credit- Chosandy99’s Instagram

နိုင်းနိုင်းတစ်ယောက် နယူးယောက်ကိုရောက်ရှိနေစဉ်အတွင်းမှာ ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းကုန်ဆုံးနေတာပါ။ ဇနီးဖြစ်သူနဲ့လည်း ခွဲခွာရတာကြာပြီဖြစ်တဲ့အတွက်လည်း အလွမ်းသည်နေကြတာပါ။ အခုမှာလည်း နိုင်းနိုင်းရဲ့ဇနီးချောလေး စန္ဒီချိုရဲ့ Instagram လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတစ်ပုံတင်ထားတာပါ။ 

Photo Credit- Chosandy99’s Instagram
Photo Credit- Chosandy99’s Instagram
Photo Credit- Chosandy99’s Instagram

ဒါကတော့ နှစ်ယောက်သား ဆင်တူအင်္ကျီလေးတွေဝတ်ဆင်ကာ အပြတ်ရိုနေတဲ့ နိုင်းနိုင်းတို့ရဲ့ပုံရိပ်လေးပါ။ သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပြီး ပရိသတ်တွေကလည်း အားကျနေကြတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit- Chosandy99’s Instagram

Photo Credit- Chosandy99’s Instagram
Photo Credit- Chosandy99’s Instagram
Photo Credit- Chosandy99’s Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။