ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမား ပြည့်ဖြိုးအောင် ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလကုန်မှစတင်ပြီး အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ လက်တွဲစဉ်တစ်လျှောက်တွင် ကြိုးစားစွမ်းဆောင်ပေးခဲ့မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ရှေ့ဆက်မည့်အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်ယူနိုက်တတ်အသင်းကတော့ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပါတယ်။ ၂၀၂၀ ရာသီကြို လူမှုရေး ရန်ပုံငွေဖလား ပွဲစဉ် Charity Cup 2020 ပြိုင်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ၃း၃၀ နာရီက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

အဆိုပါပွဲမှာ ရန်ကုန်ယူနိုက်တတ်အသင်းက ရှမ်းအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် မြန်မာနေရှင်နယ်လိဂ် ပထမဦးဆုံးပွဲစဉ်အဖြစ် မြန်မာနေရှင်နယ်လိဂ်-၂ မှ တန်းတက်အသင်း ချင်းယူနိုက်တက်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

source: Yangon United Football Club 's facebook 

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။