မင်းသမီးချောလေး ခေးဆက်သွင်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားနိုင်တဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလဲ အခိုင်အမာရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခု ရယူထားနိုင်ခဲ့ပါတယ်။

photo credit : Khay Sett Thwin 's facebook
photo credit : Khay Sett Thwin 's facebook

သူမကတော့ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်ကို တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေရဲ့ အချစ်တေ်ာလေးဖြစ်နေတဲ့ သူမကတော့ ယခုမှာလဲ အနပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသလို ကြော်ငြာတွေကိုလဲ ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : Khay Sett Thwin 's facebook
photo credit : Khay Sett Thwin 's facebook

သူမကတော့ ယခုမှာ ချိုသာလွန်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ သူမကတော့ " နင်ငါ့ကိုမချစ်ဘူးလို့ ရေးချင်ပါသော်ငြားအကုန်လုံးက ဝိုင်းချစ်နေသောအခါ ငိငိ " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးနဲ့အတူ ရေးသားထားရာ အဆိုပါပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

source: Khay Sett Thwin 's facebook

photo credit : Khay Sett Thwin 's facebook
photo credit : Khay Sett Thwin 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။