ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးကတော့ အခုဆိုရင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ခြူးလေးက သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းပြည့်ဝပြီး တကယ်တော်သူလေးမို့ ပရိသတ်တွေက နှစ်ခြိုက်အားပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခြူးလေးရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့်လည်း အားလုံးကကြွေနေရတာ ဖြစ်ပါတယ်။

Photo Credit- Chue Lay's Facebook
Photo Credit- Chue Lay's Facebook
Photo Credit- Chue Lay's Facebook

ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ ခြူးလေးက သူမရဲ့အားလပ်ချိန်လေးတွေမှာ အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ ခြူးလေးက သူမရဲ့ချစ်ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေကို အမြဲလိုလိုမျှဝေပေးလေ့ရှိပြီး အခုလည်း ဟာသဗီဒီယိုအသစ်လေးတွေကို တင်ပေးထားပါတယ်။ ဒီတစ်ခါမှာတော့ ခြူးလေးက အိုက်တင်အမူအရာမျိုးစုံနဲ့ အခွီတလိုင်းပုံစံသရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Chue Lay's Facebook
Photo Credit- Chue Lay's Facebook
Photo Credit- Chue Lay's Facebook

ခြူးလေးက အခုလတ်တလော Tik Tok မှာ အရမ်းကိုရေပန်းစားလူကြိုက်များနေတဲ့ ဟာသပြက်လုံးတွေနဲ့ အပီအပြင်သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်။ ပြက်လုံးအသစ်တွေနဲ့ အူတက်အောင်ခွီနေရတဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပရိသတ်တွေကလည်း အပြတ်အသတ်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Chue Lay's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။