လူငယ်ကြိုက် Rap သီချင်းတွေကို အထာကျကျ သီဆိုတတ်သူကတော့ အဆိုတော် လွှမ်းပိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသည်းကွဲသီချင်းတိုင်းဟာ ပရိသတ်တွေနဲ့ တိုက်ဆိုင်မှုတွေရှိတာကြောင့် ယနေ့ချိန်ထိ သီချင်းဟောင်းလေးတွေဟာ ပျံ့လွှင့်နေဆဲပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သီချင်းအသစ်တွေ ထွက်ရှိနိုင်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။  

Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook

လွှမ်းပိုင်ဟာ အဆိုဘက်တွင် အောင်မြင်ကျော်ကြားရုံသာမကဘဲ သရုပ်ဆောင် ဘက်တွင်ပါ နာမည်ရလာပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာလည်း တစ်ကားထက်တစ်ကား တိုးတက်ကောင်းမွန်လာတာပဲ ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကလည်း အူတွေအသည်းတွေယား ဆိုတဲ့ music Video ထွက် ရှိထားတာပဲ ဖြစ်ပါတယ်။

Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook

အခုမှာလည်း သူ့ရဲ့ ပထမဆုံးသော Tik Tok Video လေးတစ်ခုကို လွှမ်းပိုင်ရဲ့ Tik Tok အကောင့်လေးမှာပဲ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်မိနစ်အတွင်းမှာ ဖက်ရှင်ဒီဇိုင်းပုံစံအမျိုးမျိုးကိုပြောင်းလဲပြစ်လိုက်တဲ့ လွှမ်းပိုင်ရဲ့ အမိုက်စား Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် လွှမ်းပိုင်ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Hlwan Paing's Tik Tok Account

Photo Credit - Hlwan Paing's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။