ပရိသတ်ကြီးရေ.. MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ် သရုပ်ဆောင်မင်းသားချောလေး ကျော်ထက်ဇော်ကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ချောမောပြီးယောကျ်ားပီသတဲ့ ပုံရိပ်လေးတွေကြောင်လြည်း မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်..။


Photo Credit – Kyaw Htet Zaw’s Facebook
Photo Credit – Kyaw Htet Zaw’s Facebook

ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးလာတဲ့ ကျော်ထက်ဇော်ကတော့ “အဆိပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင် ကွာခြားချက်တွေအကြောင်း ပြောပြလာပါတယ်..။

ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်အများကြီးတော့ မကွာခြားဘဲ ကြိုးစားရတာချင်းအတူတူပေမယ့် ထိထိမိမိကြိုးစားဖို့လိုပြီး ဇာတ်လမ်းတွဲပေါ်မှာပဲ အချိန်တွေအများကြီးပေးပြီး ကြိုးစားနေတဲ့သူတွေအတွက်တော့ အခွင့်ကောင်းပဲဆိုပြီး ပြောပြထားတာပါ..။


Photo Credit – Kyaw Htet Zaw’s Facebook
Photo Credit – Kyaw Htet Zaw’s Facebook

အခွင့်ကောင်းတွေမှာ ထိထိမိမိရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပြီး ဇာတ်လမ်းတွဲတွေမှာ ကြိုးစားမှုထက်မလျော့ဘဲနဲ့ ရုပ်ရှင်ကားကြီးတွေါမှာလည်း ကြိုးစားစိတ်နှစ်ထားတယ်ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။

“အဆိပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာတွေ တွဲအလုပ်လုပ်ရတာကောင်းပြီး အကုန်လုံးက ဖေးဖေးမမနဲ့ တွဲခေါ်ကြတယ် ရိုက်မယ့် အချိန်မှာလဲ အဆင်ပြေမှာပါ ဆိုပြီး ပြောပြထားတဲ့ ကျော်ထက်ဇော်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Kyaw Htet Zaw’s Facebook
Photo Credit – Kyaw Htet Zaw’s Facebook

Photo Credit – Kyaw Htet Zaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။