ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးအေးမြတ်သူကတော့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်းပိုပိုပြီးရရှိလာတာဖြစ်ပါတယ်။အေးမြတ်သူရဲ့အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ်ကိုပိုပိုကောင်းလာပြီး ပရိသတ်တွေရဲ့ရင်ထဲကိုရောက်အောင်သရုပ်ဆောင်နိုင်လို့ ၂၀၁၈အကယ်ဒမီပေးပွဲကြီးမှာ ဇာတ်ပို့ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကိုရိုက်ကူးနေတာဖြစ်ပါတယ်။အေးမြတ်သူကတော့ စိတ်သဘောထားလည်းပြည့်ဝပြီး သဘောကောင်းမနောကောင်းကာ လူတန်းစားခွဲခြားတတ်တဲ့စိတ်မရှိပါဘူးနော်။ကုသိုလ်ရေးဆိုလည်း တတ်နိုင်သလောက်ကိုမကြာခဏလှူဒါန်းနေတတ်လို့ အလှူရေစက်လက်နဲ့မကွာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook

အေးမြတ်သူက သူမရဲ့မိသားစုနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေပြီး ခရီးတွေလည်းမကြာခဏသွားနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အေးမြတ်သူတို့မိသားစုက ညောင်ရွှေဘက်ကိုရောက်ရှိနေပြီး ကောင်းဘွိုင်စတိုင်လေးနဲ့ မြင်းကို ကျွမ်းကျွမ်းကျင်ကျင်စီးနေကာ အရမ်းပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook

Photo Credit:Aye Myat Thu's Facebook

Video Credit:Aye Myat Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။