သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အကယ်ဒမီဆုတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်ကိုပါ သိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အချစ်တော်တစ်ယောက်ပါ။ ချောမောလှပတဲ့မျက်နှာလေးနဲ့အတူ အသားအရေလေးကလည်း ဖြူဖွေးဝင်းမွတ်နေတဲ့ ရွှေကစ်လေးကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အပြည့်အဝပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG

ရွှေကစ်လေးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများရိုက်ကူးခဲ့ရတဲ့အပြင် နိုင်ငံတကာနဲ့ပါလက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရသူလေး ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း ရွှေကစ်လေးက ဆွစ်ဇာလန်နိုင်ငံကို အပန်းဖြေခရီးထွက်နေတာဖြစ်ပြီး ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေကိုလည်း တင်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက ရေခဲတောင်ကြီးကိုနောက်ခံထားကာ ရိုက်ကူးထားတဲ့ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG

အဖြူရောင်နှင်းပွင့်လေးပမာ ဖြူဖွေးစွတ်နေတဲ့ အသားအရေလေးနဲ့ ရွှေကစ်ကတော့ နိုင်ငံခြားသူလေးတစ်ယောက်လို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ ကစ်လေးက ရေခဲတောင်ရဲ့အလှတရားတွေကို ပရိသတ်တွေလည်းမြင်တွေ့ရှုစားနိုင်စေဖို့ ဗီဒီယိုလေးရိုက်ပြပြီး အားလုံးကိုနှုတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Wutt Hmone Shwe Yi's IG 

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။