ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာမျိုးဆက်သစ်လေးတွေကတော့ Mini Miss လေးတွေဖြစ်ကြတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်နဲ့ သမီးလေးမိကြယ်ဇင်ကျော်ကျော်တို့ပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ချစ်စရာ သမီးလေးနှစ်ယောက်ကတော့ လည်လွန်းတတ်လွန်းပြီး ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြသူလေးတွေပါပဲ..။


Photo Credit - Thoon Myat Kyal Sin’s Facebook
Photo Credit - Mi Kyal Sin Kyaw Kyaw’s Facebook

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတဲ့ အသည်းကျော် သမီးချောလေးနှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း သူငယ်ချင်းနှစ်ယောက်အတူ တွေ့ဆုံပြီး ချစ်စရာကောင်းအောင် စကားလေးတွေ ပြောထားကြပါတယ်နော်..။

တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောကာ အပြန်အလှန် သရုပ်ဆောင်ပြနေကြတဲ့ သွန်းမြတ်ကြယ်စင်နဲ့ မိကြယ်ဇင်ကျော်ကျော်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကတော့ တကယ်ကို ချစ်စရာကောင်းလွန်းပါတယ် ပရိသတ်ကြီးရေ..။


Photo By Myanmarload
Photo By Myanmarload

Mood သွင်းပြီး ငိုတဲ့ပုံစံသရုပ်ဆောင်ပြထားတဲ့ သွန်းမြတ်ကြယ်စင်လေးနဲ့ နန်းဆန်ဆန်လေးနဲ့ လှချင်လို့ ဆံပင်ရှည်ထားတယ်ဆိုတဲ့ မိကြယ်ဇင်ကျော်ကျော်တို့ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကတော့ ကြည့်မိသူတိုင်းကို သဘောကျအချစ်ပိုစေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်ကြတဲ့ သမီးလေးသွန်းမြတ်ကြယ်စင်နဲ့ သမီးလေး မိကြယ်ဇင်ကျော်ကျော်တို့ရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Thoon Myat Kyal Sin’s Facebook & mi kyal sin kyaw kyaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။