photo credit...Team Oracle Twitter

Austrila အခြေစိုက် Dota 2 team တစ်ခုဖြစ်တဲ့ Team Oracle ကတော့ သူတို့ရဲ့ roster အပြောင်းအလဲတစ်ခုကိုကြေညာခဲ့ပါတယ်။

Team Oracle ရဲ့ကြေညာချက်ကတော့ အသင်းရဲ့ core player QO ဟာ အသင်းမှာ inactive player အဖြစ်သာ ရှိနေတော့မှာဖြစ်ပြီး သူ့ရဲ့နေရာမှာအစားထိုးသွားမယ့်သူကိုလည်း သိပ်မကြာသေးခင်မှာ ကြေညာပေးသွားမယ်ဆိုတာပဲဖြစ်ပါတယ်။

QO အနေနဲ့လည်း Team Oracle ကို 2019 ခုနှစ် 5 လပိုင်း 14 ရက်နေ့ထဲက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ 7 လကျော်လောက် ကစားပြီးနောက်မှာ အခုလို inactive role နေရာကို အပို့ခံခဲ့ရတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Team Oracle ဟာ QO ရဲ့နေရာမှာ Ghost ကိုအစားထိုးခဲ့ပါတယ်။

လက်ရှိ Team Oracle ရဲ့ full line up ကတော့

Po 1 – Ghost

Po 2 – No7

Po 3 – Monster

Po 4 – Destrice

Po 5 – lordboonz တို့ပဲဖြစ်ပါတယ်။

Source - Team Oracle Twitter..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။