ဒီတစ်ပါတ် ဗဟုသုတ ကဏ္ဍအစီအစဉ်ကနေ အလွန်ခြောက်ခြားစရာကောင်းတဲ့ "Sedlec Ossuary" ဘုရားရှိခိုးကျောင်းကြီး အကြောင်းကို စိတ်ဝင်စားဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါသတင်းလေး မဖော်ပြသေးခင် အနုပညာရှင်တွေရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေ၊ ပြည်တွင်း၊ ပြည်ပ အားကစားသတင်း (E-sports) အစရှိတဲ့ category အမျိုးမျိုးကို တစ်နေ့တစ်မျိုးမရိုးရအောင် တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

"Sedlec Ossuary" ဆိုတဲ့ ဘုရားကျောင်းကြီးက Czech နိုင်ငံမှာ တည်ရှိပြီး သူတို့နိုင်ငံရဲ့ အထင်ကရ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သေးငယ်တဲ့ "Roman Catholic chapel" ဘုရားကျောင်းအမျိုးအစားဖြစ်ပြီး အရိုးစုတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဘုရားကျောင်းကြီးထဲကို ဝင်လိုက်တာနဲ့ ကျောချမ်းသွားရလောက်အောင် ခြောက်ခြားစရာ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ လာရောက်လည်ပတ်ကျတဲ့ ကမ္ဘာလှည့်ခရီးသွားတွေထဲကမှ အများဆုံးတွေ့ရတာကတော့ ပရလောကသားတွေနဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို အလွန်အမင်းစိတ်ဝင်တစားရှိသူတွေပဲ ဖြစ်ပါတယ်။

photo credit pngtree

အဲ့ဘုရားကျောင်းကြီးနဲ့ ပတ်သက်ပြီး လူသိများထင်ရှားတဲ့ ဆိုရိုးစကား ရှိပါတယ်။ အဲ့ဒီစကားကတော့ "ကြောက် ဖို့ကောင်းအောင် ဘုရားကျောင်းကို လူသေ အရိုးတွေနဲ့ တည်ဆောက်ခဲ့ပါတယ် လို့ သင်ထင်နေရင်၊ ၎င်း ဘုရားကျောင်း ဟာ ကွယ်လွန်သူတို့ဆန္ဒအရ အရိုးစုပေါင်း ၄သောင်းနှင့် မွန်မြတ်တဲ့ နေရာတစ်ခုကို တန်ဆာဆင်ပေးခဲ့ရတယ် ဆိုတာကိုလည်း သင်သိစေနိုင်ပါတယ်တဲ့" တစ်ကယ့်ကို အဓိပ္ပါယ်လေးနက်ပြည့်ဝပြီး ကြားလိုက်တာနဲ့တင် ကြက်သီးမွှေးချင်းထရလောက်အောင် ကောင်းလှပါတယ်နော်.....။

Source Once A Glance Page

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။