Photo credit - Wykrhm Reddy

We Play! Bukovel Minor 2020 ပြိုင်ပွဲကြီးကတော့ လာမယ့် ဇန်နဝါရီလ 9 ရက်နေ့ကနေ 12 ရက်နေ့အထိ Ukarine နိုင်ငံ Bukovel မှာ ကျင်းပပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ champion ဖြစ်မယ့်အသင်းကတော့ ဆုကြေးငွေတွေကိုလည်း ရရှိမှာဖြစ်သလို DreamLeague Season 13 ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ကျန်ရှိနေတဲ့slot တစ်ကွက်နေရာကိုလည်း ရရှိမှာပဲဖြစ်ပါတယ်။

We Play! Bukovel Minor 2020 ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် region အသီးသီးကနေ စုစုပေါင်းအသင်း ရှစ်သင်း qualified ဖြစ်ထားပြီး လွန်ခဲ့တဲ့ နာရီပိုင်းလောက်မှာတော့ Group A နဲ့ Group B မှာပါဝင်မယ့်အသင်းတွေမှာ ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။

Group A မှာတော့ Geek Fam , Ninjas in Pyjamas , Royal Never Give up နဲ့ Team Spirit တို့ကျခဲ့ပြီး Group B မှာတော့ Fighting PandaS , FURIA Esports , Gambit Esports နဲ့ Nigma တို့က ကျခဲ့ပါတယ်။

Opening Matches တွေအနေနဲ့ကတော့ Group A မှာ NiP Vs GeekFam နဲ့ TSpirit Vs RNG တို့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး Gorup B မှာကတော့ F PandaS Vs Nigma နဲ့ Gambit Vs FURIA တို့က ယှဉ်ပြိုင်ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

Group နှစ်ခုကို ယှဉ်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ Group A ပွဲစဉ်တွေထက် Group B ပွဲစဉ်တွေက ကြည့်ရတာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိလိမ့်မယ်ထင်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။