ပရိသတ်ကြီးရေ.. သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ အနုပညာလောကမှာ အမိုက်စားမိတ်ကပ်ဖန်တီးမှုတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသူပါပဲနော်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ဟန်ဆောင်မှုမရှိဘဲ ပွင့်လင်းတဲ့ သူမရဲ့ စကားပြောဟန်ပန်တွေနဲ့ အခွီတလိုင်း ရယ်စရာ ဟာသလေးတွေကြောင့်လည်း ပရိသတ်တွေကအမြဲအချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Nyi Nyi Maung’s Facebook
Photo Credit - Nyi Nyi Maung’s Facebook

ပွင့်လင်းပြီး ချစ်စရာကောင်းကောင်းတဲ့ သူမရဲ့ပင်ကိုယ်ဟန်ပန်တွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားပြီး အားလုံးရဲ့အချစ်တွေနဲ့ကို အခိုင်အမာရရှိထားတဲ့ သုသုကတော့ ချစ်သူထားမယ်ဆိုရင် မိန်းမလျာအချင်းချင်းပဲ ကြိုက်တယ်လို့ ဆိုလာပါတယ်နော်..။

ကိုယ့်ရဲ့အကြောင်းကို ကိုယ့်ရဲ့ဘဝတူချင်းပဲ နားလည်မှာဖြစ်ပြီး ပုံမှန်ယောကျ်ားတစ်ယောက်က နားလည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ဘယ်လောက်ပဲ ခွဲစိတ်ပြီး စီလီကွန်တွေ ထည့်ထားထည့်ထား ယောကျ်ားအစစ်က မိန်းမအစစ်ပဲ ကြိုက်မှာဖြစ်တာမို့ သူမကတော့ ယောကျ်ားလည်း မကြိုက်ဘူး မိန်းမလျာချင်းပဲ ကြိုက်တယ် ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Nyi Nyi Maung’s Facebook
Photo Credit - Nyi Nyi Maung’s Facebook

ယောကျ်ားလိုပဲဝတ်ဝတ် မိန်းမလိုပဲ ဝတ်ဝတ် တကယ့်ယောကျ်ားက ဘယ်မိန်းမလျာကိုမှ မကြိုက်သလို မိန်းမလျာကိုကြိုက်ရင် မိန်းမလျာဖြစ်ပြီး ယောကျ်ားအစစ်က မိန်းမလျာတစ်ယောက်ကို မိန်းမလို ခံစားပြီး ကြိုက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

မိန်းမလျာချင်းပဲ ကြိုက်ပေမယ့် မိန်းမလိုဝတ်ထားတဲ့ မိန်းမလျာတော့ မကြိုက်ပါဘူး ဆိုပြီး အရွှန်းဖောက်ပြီးတော့လည်း ရယ်မောကာ ပြောပြထားသေးတာမို့ သုသုသရဲ့ ချစ်ပရိသတ်တွေအတွက်လည်း သူမရဲ့ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung’s Facebook
Photo Credit - Nyi Nyi Maung’s Facebook

Photo Credit - Nyi Nyi Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။