ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ နန်းတော်အသီးသီးတွေတည်းကမှ အထင်ကရ နန်းတော်ကြီးတစ်ခုဖြစ်တဲ့ အမ်စတာဒမ်နန်းတော် (Koninklijk Paleis Amsterdam) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားကြပါဦးနော်။

photo credit pngtree

အမ်စတာဒမ်နန်း ( Koninklijk Paleis Amsterdam) ဟာ နယ်သာလန်နိုင်ငံမှာ တည်ရှိပြီး ခမ်းနားထည်ဝါသော နန်းတော်လေးခု အနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နန်းစွန့် ဘုရင်မ တစ်ဦးဖြစ်တဲ့ "Queen Beatrix" ရဲ့ နန်းဟောင်းတစ်ခုလည်းဖြစ်ပါတယ်။ နေရာအတည်အကျကို ပြောရမယ်ဆိုရင်အမ်စတာဒမ်မြို့လယ်ရှိ ဒမ် စွကဲယား (Dam Square)ရဲ့ ဝဲဘက်ခြမ်းတွင် တည်ရှိပါတယ်။

photo credit pngtree

ဒတ်ချ်တို့ ရွှေခေတ်ဖြစ်ခဲ့တဲ့ ၁၇ ရာစုတွင် မြို့တော် ခန်းမဆောင်တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဒတ်ချ်ဘုရင် "Louis Nepoleon" နန်းစိုက်ခဲ့ကာ ဒတ်ချ်တို့ရဲ့ နန်းတော်စံအိမ်ဖြစ်လာခဲ့တယ်လို့ မှတ်တမ်းမှတ်ရာများအရ သိရှိရပါတယ်။ နောင်လည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦး....။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။