ပရိသတ်ကြီးရေ Liamလေးကတော့ တစ်နှစ်ကျော်အရွယ်လေးနဲ့တင် သူ့ကိုချစ်တဲ့ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။Liamလေးရဲ့မေမေယွန်းဝတီလွင်မိုးကလည်း ပရိသတ်တွေရဲ့အချစ်ကိုရရှိသူမို့ သားအမိနှစ်ယောက်ကတော့ လူချစ်လူခင်အရမ်းပေါပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကလည်း ပြန်ရောက်တဲ့အချိန်လေးမှာ သားလေးနဲ့အတူမိသားစုဘဝလေးကို ပျော်ရွှင်စွာကုန်ဆုံးနေတာပဲဖြစ်ပါတယ်။

Photo Credit: Yunwaddy's lG
Photo Credit: Yunwaddy's lG

လွင်မိုးကလည်း အားတဲ့အချိန်တိုင်းမှာ မြေးလေးကိုထိန်းပေးပြီးအတူတူဆော့ကစားပေးနေတာပါနော်။မကြာသေးခင်ရက်ပိုင်းကမှ လွင်မိုးတို့မိသားစုက မိသားစုဝင်စုံစုံညီညီနဲ့ ပျော်ပျော်ပါးပါးခရီးထွက်ခဲ့ကြပါသေးတယ်။လွင်မိုးတို့မိသားစုလေးက အရမ်း‌နွေးထွေးလွန်းလို့ ပရိသတ်တွေကလည်း အမြဲစောင့်ကြည့်‌ပြီး အားကျနေကြတာဖြစ်ပါတယ်နော်။

Photo Credit: Yunwaddy's lG
Photo Credit:yunwaddyxstories's IG

Liamလေးကလည်း တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး စကားလေးတွေတီတီတာတာပြောတတ်လို့ လွင်မိုးတို့အိမ်ရဲ့ဆည်းလည်းလေးပါနော်။အခုဆိုရင်လည်း ကြက်တောင်စည်းလေးစည်းထားပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အရမ်းအသည်းယားစရာကောင်းနေတဲ့ Liamလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:yunwaddyxstories's IG
Photo Credit:yunwaddyxstories's IG

Photo Credit:yunwaddyxstories's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။