မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၂၃ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည့် MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်ဇယားကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ယင်းပွဲစဉ်တွေကိုတော့ တစ်နေ့ပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။

Photo Credit -Myanmar National League

MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ချင်းလန်းအက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ ကချင်ယူနိုက်တက်၊ ယူနီဗာစတီအက်ဖ်စီ၊ မောရဝတီအက်ဖ်စီ၊ ငွေကြယ်ပွင့်လေးများ၊ အသင်းသစ် ယောမြေအက်ဖ်စီနှင့် MFF Youth အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေမှာ အသင်းတိုင်းကတော့ မိမိတို့အသင်းရလဒ်ကောင်းတွေရရှိနိုင်အောင်အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။

Photo Credit -Myanmar National League

မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ၏ ပထမအကျော့ကာလကို ဇန်နဝါရီ ၂၃ ရက်မှ မတ်လ ၁၅ ရက်အထိလည်းကောင်း၊ ဒုတိယအကျော့ကာလကို မေလ ၂၁ ရက်မှ ဇူလိူင်လ ၁၇ ရက်အထိလည်းကောင်း စလင်းကွင်း၊ ပဒုမ္မာကွင်း၊ ယူနီဗာစတီကွင်း၊ M3 ဗဟန်းကွင်းနှင့် တောင်ဒဂုံကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်ပါတယ်။ဘောလုံးချစ်ပရိသတ်ကြီးကလည်း ပွဲစဉ်တိုင်းက ပွဲကြီးပွဲကောင်း ကြည့်ရှုရမှာဖြစ်တာကြောင့်လာရောက်အားပေးကြပါရန်ဖိတ်ခေါ်ထားပါတယ်။

Photo Credit -Myanmar National League

Source - Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။