အနာဂတ်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ် ဘောလုံးသမားများ ထွက်ပေါ်လာစေရေးအတွက် MFF-MNL (Road to Japan) ဘောလုံးခြေစမ်းလေ့လာရေး ခရီးစဉ် စေလွှတ်နိုင်ရေး ကို ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်နေ့အထိ မြန်မာအမျိုးသားဘောလုံးအကယ်မီ(ရန်ကုန်) မြက်ခင်းတုကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

MPT U-14 Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ခဲ့သည့်နည်းတူ ထိုပြိုင်ပွဲများမှ နေရာအလိုက်အကောင်းဆုံး ကစားသမားများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားများကိုလည်း ရွေးချယ်ထားခဲ့ပါတယ်။တစ်ပတ်ကျော် ကြာမြင့်မည့် အဆိုပါ ခရီးစဉ်အား လာမည့် ဧပြီလဆန်းတွင် သွားရောက်ရန် စီစဉ်ထားပြီး ခရီးစဉ်အတွင်း ပူးပေါင်းလေ့ကျင့်မှုအစီအစဉ်များ၊ ခြေစမ်းပွဲများနှင့် J- League ပွဲစဉ်များ အတူတကွ လေ့လာကြည့်ရှုခွင့်ရမည့် အစီအစဉ်တို့ ပါဝင်မည်ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ယခုအခါ အဆိုပါ ပြိုင်ပွဲနှစ်ရပ်မှ ပဏာမရွေးချယ်ထားသော ကစားသမား စုစုပေါင်း (၇၅) ဦးအား (A), (B), (C), (D), (E) အသင်း ၅ သင်း ခွဲ၍ လူရွေးပွဲအနေဖြင့် ထပ်မံစီစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ဆန်ကာတင် ရွေးချယ်ခံရသည့် ကစားသမား (၂၅) ဦးကို ဂျပန်နိုင်ငံသို့ ဘောလုံးခြေစမ်းလေ့လာရေး ခရီးစဉ် စေလွှတ်သွားမည်ဖြစ်ပါတယ်။

source: Myanmar National League 's facebook 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။