သရုပ်ဆောင် စမိုင်းလ်ဟာ အနုပညာလောကမှာ ဆယ်စုနှစ်တွေ တိုင်အောင် အောင်မြင်မှုတွေနဲ့ ယနေ့ချိန်ထိတိုင်အောင် ကြိုးစားလုပ်ကိုင်နေသူ မင်းသမီးလေးတစ်ဦးပါ။ သူမဟာ အလှူကြီးတွေလည်း မကြာခဏပြူလုပ်လေ့ရှိပြီး ဘာသာရေးလည်း ကိုင်းရှိုင်းတာကြောင့်လည်း အနုပညာရှင်များကပါ ချီးကျူးနေရတာပါ။ မကြာခင်မှာလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ကျိုက်ငါးကျိုက် အဓိဌာန်ဝင်ရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Smile Maung's Instagram
Photo Credit - Smile Maung's Instagram
Photo Credit - Smile Maung's Instagram

သူမဟာ မိသားစုကိုလည်း တန်ဖိုးထားချစ်ခင်သူ တစ်ယောက်ပါ။ မိသားစုနဲ့လည်း ခရီးတွေ မကြာခဏထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေထံ မကြာခဏ ဝေမျှေလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရီသတ်တွေကလည်း စမိုင်းလ်တို့ရဲ့ မိသားစုပုံလေးတွေကို ကြည့်ပြီး ကြည်နူးအားကျနေရတာပါ။ 

Photo Credit - Smile Maung's Instagram
Photo Credit - Smile Maung's Instagram
Photo Credit - Smile Maung's Instagram

အခုမှာလည်း သူမရဲ့ instagram လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သမီးကြီး ပေါရှာနဲ့အတူ မျက်နှာပြောင်ပြကာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် စမိုင်းရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Smile Maung's Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။