MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ၊ပထမအကျော့ပွဲစဉ်(၆၅)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော MIU FC နှင့် VUC FC တို့၏ ပွဲစဉ်မှ ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မှတ်တမ်းတင်ဗီဒီယို ကြည့်ရှုခြင်း၊ တာဝန်ရှိသူများနှင့် ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်းတို့ကို ပြုလုပ်ပြီး ဇန်နဝါရီ ၇ရက် နေ့လယ်ပိုင်းက အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation

ယင်းပွဲစဉ်မုဖြစ်ရပ်များကြောင့် MIU FCမှ ကျောနံပါတ်(၁၀)ကျော်စိုးမိုး နှင့် VUC FCမှကျောနံပါတ်(၉)Thiago တို့(၂)ဦးအားMFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ်(၃)အရ အနီးစပ်ဆုံး (၁)ပွဲစီဝင်ရောက် ကစားခွင့်မပြုရန်နှင့်ဒဏ်ကြေးငွေ ၂၀ဝဝဝိ/- (ကျပ်နှစ်သောင်း)စီပေးဆောင်ရန်၊ MIU FC မှ ကျောနံပါတ်(၁၈)စိုင်းပြုံးအောင်နှင့် VUC FCမှ ကျောနံပါတ်(၁၈)မျိုးမြင့်စိုးတို့ (၂)ဦးအား MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ စည်းကမ်း ထိန်းသိမ်းရေးမူအပိုဒ်(၃)နှင့်(၁၃)အရ အနီးစပ်ဆုံး (၂)ပွဲစီဝင်ရောက်ကစားခွင့် မပြုရန်နှင့်ဒဏ်ကြေးငွေ ၃၀ဝဝဝိ/- (ကျပ်သုံးသောင်း)စီပေးဆောင်ရန်၊(မူလတိုက်ရိုက်တစ်ပွဲပယ်အပါအဝင်ဖြစ်ပါတယ်။

Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation

MIU FC မှ လက်ထောက်နည်းပြ ဦးချိုသဲမောင်အား MFF Myanmar Futsal League 2019-2020 စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ်(၁၁)နှင့် (၁၃)အရ အနီးစပ်ဆုံး (၂)ပွဲကွင်းအတွင်းဝင်ရောက်ကြီးကြပ်ခွင့်မပြုရန်နှင့် ဒဏ်ကြေး ငွေ ၅၀ဝဝဝိ/- (ကျပ်ငါးသောင်း)ပေးဆောင်ရန်၊ နှစ်ဖက်အသင်းအုပ်ချုပ်နည်းပြများကို စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ်(၁၁)နှင့်(၁၃)တို့ အရနေထိုင်ကြီးကြပ်သွားရန်နှင့် နောက်နောင် အလားတူကိစ္စမျိုးမဖြစ်စေရန်အတွက် နောက်ဆုံးအကြိမ် သတိပေးရန်၊ နှစ်ဖက်ကလပ်အသင်း(၂)နှစ်သင်းဖြစ်သည့် MIU FC နှင့် VUC FC တို့အားလည်း MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲစည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ်(၁၃)အရ ဒဏ်ကြေးငွေ ၅၀ဝဝဝိ/-(ကျပ်ငါးသောင်း)စီ ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo Credit -Myanmar Football Federation

Source - Myanmar Football Faderation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။