ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံကတော့ လက်တလောမှာဆိုရင် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်နော်။မိုးယုစံက ဟိုးအရင်ခေတ်တုန်းကဆိုရင် ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေရင်ထဲကိုစိုးမိုးထားနိုင်ခဲ့ပါတယ်။ယခုချိန်မှာဆိုရင်တော့ ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်လာပြီဖြစ်လို့ မိသားစုကိုသာအချိန်လုံလုံလောက်လောက်ပေးပြီးဂရုစိုက်ပေးနေတာပါနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုစံရဲ့သားချောလေး ကောင်းသိင်္ခမိုးသူလေးကလည်း (၂)နှစ်ကျော်အရွယ်ကိုရောက်ရှိလာပြီး မေမေ့ရဲ့ဂရုစိုက်ကြင်နာမှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်။ကောင်းသိင်္ခမိုးသူလေးက ဉာဏ်ကောင်းထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးလေးပါနော်။ပရိသတ်တွေကလည်း မိုးယုတို့မိသားစုလေးကို အရမ်းချစ်ပြီးအမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုရဲ့သားလေးကလည်း ချစ်မွှေးလေးပါတဲ့ကလေးလေးဖြစ်လို့ လူချစ်လူခင်ပေါများပြီး တွေ့မြင်တဲ့သူတိုင်းကချစ်ကြပါတယ်။အခုဆိုရင်တော့ မိုးယုတို့သားအမိနှစ်ယောက်က ချစ်စရာအမူအရာလေးတွေလုပ်ပြပြီးရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။ချစ်စရာပိုစ့်လေးတွေကို ဆင်တူလေးတွေပေးပြီး အသည်းယားစရာကောင်းနေတဲ့ မိုးယုတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

Video Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။