အဆိုတော်အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သမီးလေးတစ်ယောက်ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုရရှိထားတဲ့ အာဘွိုင်းကတော့ မိသားစုအပေါ်မှာ တာဝန်ကျေပွန်ပြီး အိမ်ထောင်ဦးစီးကောင်းပီသစွာ နေထိုင်တတ်သူပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးချောလေးကြောင့် အာဘွိုင်းတို့ဇနီးမောင်နှံက ကြည်နူးသာယာပြီး ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Myat Yadanar Kyaw's FB
Photo Credit-Kyaw Phyo Tun's FB
Photo Credit-Kyaw Phyo Tun's FB

အာဘွိုင်းတို့ဇနီးမောင်နှံက သူတို့ရဲ့သမီးဦးလေးကို "Scarlett Phyo Tun" လို့ဘိုဆန်ဆန်နာမည်လေး ပေးထားတာ ဖြစ်ပါတယ်။ ဖေဖေနဲ့ မေမေရဲ့အချောအလှတွေကို အကုန်ရရှိထားတဲ့ Scarlett လေးကတော့ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ အသက်တစ်နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ Scarlett လေးက ပန်းနုရောင်ပါးနုနုလေးတွေနဲ့ တစ်နေ့တစ်ခြားပိုပိုပြီး အသည်းယားစရာကောင်းလို့လာတာ ဖြစ်ပါတယ်။

Photo Credit-Kyaw Phyo Tun's FB
Photo Credit-Kyaw Phyo Tun's FB
Photo Credit-Kyaw Phyo Tun's FB

အခုလည်း ဖေဖေအာဘွိုင်းက အရုပ်မလေးလိုချစ်ဖို့ကောင်းတဲ့ သမီးချောလေးကို ကိုယ်တိုင်ဓာတ်ပုံလေးတွေရိုက်ပေးပြီး ပုံလေးတွေကိုမျှဝေလိုက်တာ ဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ ပျော်ရွှင်ရယ်မောနေတဲ့ အာဘွိုင်းရဲ့သမီးလေးက ဝိုင်းစက်စက်မျက်လုံးလှလှလေးတွေကိုပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းနဲ့ မြတ်ရတနာကျော်ရဲ့သမီးချောလေး Scarlett ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Kyaw Phyo Tun's FB & Myat Yadanar Kyaw's FB 

Photo Credit-Kyaw Phyo Tun's FB
Photo Credit-Kyaw Phyo Tun's FB
Photo Credit-Kyaw Phyo Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။