နေမင်းက နုပညာလောမှာ အောင်မြင်မှုတွေ ရရှိပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုရရှိနေတာပဲဖြစ်ပါတယ်။ နေမင်းက တော့အနုပညာနယ်ပယ်မှာထိပ်တန်းအနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူရဲ့ ဇာတ်ကားတွေကလည်း သဘာဝကျကျ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရဲ့ ချစ်ခြင်းနဲ့အတူအောင်မြင်မှုတွေကို ရရှိနေတာပဲဖြစ်ပါတယ်။

Photo Credit – Nay Min’s Facebook
Photo Credit – Nay Min’s Facebook

လတ်တလောမှာတော့ သရုပ်ဆောင်နေမင်းက အခြားအနုပညာရှင်မောင်နှမတွေနဲ့အတူ ရေဦးမြို့မှာ ဆရာတော်ဘုရားတည်ဆောက် လှူဒါန်းထားတဲ့ သံဃာ့ဆေးရုံ (၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားမှာ ကုသိုလ်ပြုခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာဆိုရင်တော့နေမင်းကဆရာတော်ဘုရားကြီးရဲ့ ဘေးမှာထိုင်ပြီး လက်ဆယ်ဖြာထိပ်မှာမိုး၍ အရိုအသေပေးနေတဲ့ ဟန်ပန်အရာလေးတွေကလည်း မြင်သူတကာရဲ့ရင်ထဲမှာ အေးချမ်းမှုတွေရရှိစေမှာအမှန်ပါနော်..။

Photo Credit – Nay Min’s Facebook
Photo Credit – Nay Min’s Facebook

သရုပ်ဆောင်နေမင်းရဲ့ ကြည်နူးဝမ်းမြောက်နေတဲ့ယင်းပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်..။ ရေဦးမြို့ရဲ့ (၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ ကကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ရှူခံစားစေဖို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးခဲ့ပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီး မင်းသားချောလေးနေမင်းရဲ့ ရေဦးမြို့သံဃာ့ဆေးရုံ ဖွင့်ပွဲအခမ်းအနားက ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Nay Min’s Facebook

Source - Nay Min’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။