ပရိတ်သတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားသူလေးကတော့အရပ်ရှည်ရှည်လေးနဲ့ချစ်စဖွယ်ကောင်မလေးစူပါမော်ဒယ်သန္တာဗိုလ်ပါ။သန္တာဗိုလ်ဟာလတ်တလောအနုပညာလှုပ်ရှားအနေနဲ့ပွဲအခမ်းအနားများတက်ရောက်နေပြီးshowပွဲများလည်းလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။သူမဟာသူငယ်ချင်းများနဲ့လည်းပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး tik tokအမိုက်စားလေးတွေကိုလည်းဆော့တတ်ပါသေးတယ်နော်။


Photo Credit-Thandar Bo's Facebook
Photo Credit-Thandar Bo's Facebook

သန္တာဗိုလ်ဟာမကြာခဏဆိုသလိုသူမရဲ့တစ်နေ့တာလှုပ်ရှားမှုများကို social networkတွင်ချစ်ပရိတ်သတ်ကြီးအတွက်တင်ပေးလေ့ရှိပါတယ်။မကြာသေးမီကလည်း သူမရဲ့facebookစာမျက်နှာတွင်နင်ငါ့ကိုမချစ်ဘူးဆိုတဲ့captionလေးနဲ့ပုံအမိုက်စားလေးတွေကိုတင်ပေးခဲ့ပါတယ်။သန္တာဗိုလ်ဟာပေါ့ပေါ့ပါးပါးfashionလေးကိုဝတ်ဆင်ထားပြီးဆံပင်အခွေအကောက်လေးတွေနဲ့ချစ်စရာကောင်းနေတာပါနော်။


Photo Credit-Thandar Bo's Facebook
Photo Credit-Thandar Bo's Facebook

မော်ဒယ်မင်းသမီးလေးသန္တာဗိုလ်ဟာသရုပ်ဆောင်ကောင်းပြည့်နဲ့အတူကြည်နူးဖွယ်relationshipတစ်ခုကိုလည်းတည်ထောင်ထားတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းသန္တာဗိုလ်တို့အတွဲလေးကိုချစ်ခင်အားပေးကြမယ်မလား။ချစ်စရာကောင်းလှတဲ့သန္တာဗိုလ်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thandar Bo's Facebook
Photo Credit-Thandar Bo's Facebook

Source-Thandar Bo's Facebook

Photo Credit-Thandar Bo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။