ယနေ့အချိန်အထိတိုင်အောင် ပရိသတ်တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ နေရာယူထားဆဲဖြစ်တဲ့ အနုပညာရှင်ကတော့ မင်းသမီးချော ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာတွေ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြတ်အသတ်ရရှိခဲ့တဲ့ ထက်ထက်မိုးဦးက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ထက်ထက်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးလာတာကြောင့် ပရိသတ်တွေက ဝမ်းသာနေရတာ ဖြစ်ပါတယ်။

အမြဲတမ်းနုပျိုချောမောနေတဲ့ ထက်ထက်က အရင်တုန်းကမျက်နှာလေးအတိုင်း မပြောင်းမလဲဘဲချစ်ဖို့ကောင်းနေဆဲ ဖြစ်ပါတယ်။ Tik Tok ကစားရတာကို နှစ်သက်တဲ့ထက်ထက်က အခုလည်း ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူတူ Tik Tok ဗီဒီယိုလေးတွေရိုက်ကူးခဲ့ပါသေးတယ်။ ထက်ထက်နဲ့ မျိုးမင်းစိုးတို့နှစ်ယောက်က ပရိသတ်တွေကြားမှာ လူကြိုက်များအောင်မြင်နေတဲ့ အချစ်သီချင်းလေးတွေကို အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အသည်းယားစဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ချွဲချွဲနွဲ့နွဲ့ သရုပ်ဆောင်ပြလိုက်တဲ့ ထက်ထက်ကတော့ ပရိသတ်တွေကို ချစ်မဝဖြစ်အောင် ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ သီချင်းလေးအတိုင်း အိုက်တင်မျိုးစုံလုပ်ပြထားတဲ့ ထက်ထက်တို့နှစ်ယောက်ရဲ့ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦးရဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Myo Minn Soe's FB & Tik Tok 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။