တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချောထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာသက်တမ်းလည်း နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့ သူမရဲ့အနုပညာအရည်အသွေးတွေက ပိုပိုပြီးပြည့်ဝလာကာ ယနေ့အချိန်မှာတော့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။မခိုင်ကြီးလို့ အများကချစ်စနိုးခေါ်ဝေါ်ကြပြီး သရုပ်ဆောင်တော်ရုံသာမက အဆိုပါအရမ်းကောင်းတဲ့သူမကို တစိုက်မက်မက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်ကတော့ သူမကိုအရမ်းချစ်ပြီး နားလည်မှုအပြည့်ပေးနိုင်တဲ့ခင်ပွန်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားသလို ထူးချွန်ထက်မြက်တဲ့သားချောလေးတစ်ယောက်လည်းရှိတာကြောင့် သူမရဲ့မိသားစုဘဝလေးကအရမ်းသာယာအေးချမ်းပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို မိသားစုအတွက်လည်းမလစ်ဟင်းအောင်ဂရုစိုက်ပေးနေတဲ့အိမ်ရှင်မကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် လွန်ခဲ့တဲ့လတွေတုန်းက ချစ်ခင်ပွန်းနဲ့အတူတူ ကိုရီးယားကိုသွားရောက်ပြီး မျက်နှာကိုအသေးစားခွဲစိတ်မှုလေးတွေပြုလုပ်ခဲ့ပါတယ်။အခုဆိုရင်တော့ သူမရဲ့မျက်နှာလှလှလေးက အယောင်လည်းကျသွားပြီး အရမ်းလှလာတာကိုမြင့်တွေ့ရပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့ အရမ်းပြောင်းလဲသွားတဲ့ မျက်နှာလေးကိုပရိသတ်ကြီးလည်းမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

Photo Credit:Mi Mi Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။