ချစ်သူသက်တမ်း (၇)နှစ်ကျော်တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိစွာ လက်တွေခိုင်ခိုင်မြဲပြီး အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်နေသူကတော့ သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ အသီးသီးရရှိနေကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit- Thandar Bo's Facebook
Photo Credit- Su Hlaing's Ig
Photo Credit- Thandar Bo's Facebook

မကြာသေးခင်ကလည်း သန္တာဗိုလ်ရဲ့မွေးနေ့လေးကို ချစ်သူနဲ့ အတူ အလှူအတန်းလေးတွေ ပြုလုပ်ကာ ဖြတ်သန်းကုန်ဆုံးခဲ့တာပါ။ သူတို့နှစ်ယောက်လုံးရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင် မကြာခဏတင်ပေးလေ့ရှိပြီး ပရိသတ်တွေကလည်း ကြည်နူးအားကျနေကြတာပါ။ သူတို့နှစ်ယောက်ရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ 

Photo Credit- Su Hlaing's Ig
Photo Credit- Su Hlaing's Ig
Photo Credit- Su Hlaing's Ig

အခုမှာလည်း သန္တာဗိုလ်ရဲ့ Instagram stories မှာ ဗီဒီယိုလေးတစ်ခု ပြန်တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူသန္တာဗိုလ်ရဲ့အင်္ကျီလက်ကိုတယုတယခေါက်ပေးနေတဲ့ ကောင်းပြည့်ရဲ့ Video လေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit- Su Hlaing's Ig and Thandar Bo's Facebook

Source -Su Hlaing's Ig 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။