ရာသီအကြိုပြင်ဆင်မှုတွေနောက်ကျခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းကတော့ လက်ရှိ၂၀၂၀ Mpt မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေလည်းပြုလုပ်နေပြီးလည်းဖြစ်ပါတယ်။ ဇွဲကပင်ယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် ဦကျော်သူအောင်မြင့်ထွန်းက တာဝန်ယူကိုင်တွယ်နေတာပဲဖြစ်ပါတယ်။ နည်းပြချုပ်ဖြစ်တဲ့ဦးကျော်သူအောင်မြင့်ထွန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဘောလုံးရာသီပြီးခါနီးလက်ကျန်နှစ်ပွဲအလိုမှာပဲ ရတနာပုံနဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ကို့ အနိုင်ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။

Photo Credit – Myanmar National League
Photo Credit – Myanmar National League

ဇွဲကပင်ယူနိုက်တက်အသင်းအနေနဲ့ မနှစ်ကအသင်းမှာကစားခဲ့တဲ့တိုက်စစ်မှု ယာဆင်ကိုပြန်လည်ခေါ်ယူထားသလို ရန်ကုန်ယူနိုက်တက်နော်ကခံလူဟောင်းဝက်စ်ကိုလဲပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း အီမာဆန်ကိုလည်ခေါ်ယူထားသလို ပြည်တွင်းကစားသမား အချို့ကိုလည်း ခေါ်ယူထားပါတယ်။

Photo Credit – Myanmar National League
Photo Credit – Myanmar National League

ဇွဲကပင်ယူနိုက်တက်အသင်းက ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲကို ပွဲဦးထွက်အဖြင့် လာမယ့်ဇန်နဝါရီလ ၁၁ရက် ညနေ ၄နာရီ သုဝဏ္ဏဘောလုံးမှာ ရတနာပုံအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ဇွဲကပင်ယူနိုက်တက်အသင်းရဲ့ အကြောင်းအရာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Myanmar National League

Source – Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။