ပရိသတ်ကြီးရေ မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ သားသားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးမှာအေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။နန်းမြတ်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သားလေးအတွက် လိုလေသေးမရှိအောင်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကြင်နာယုယပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လို့ နန်းမြတ်ရဲ့အိမ်ထောင်ရေးလေးကအရမ်းစိုပြေပါတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

နန်းမြတ်တို့မိသားစုက သားလေးကို Jack Jack လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး နာမည်အရင်းလေးကတော့ ခွန်ဘုန်းသုဒ္ဓ လို့အဓိပ္ပါယ်အပြည့်ရှိတဲ့နာမည်လေးကိုပေးထားပါတယ်နော်။မေမေနန်းမြတ်ကလည်း သားသားလေးကိုအနီးကပ်ပြုစုစောင့်ရှောက်ပေးပြီး အနုပညာအလုပ်ကိုလည်းဖြည်းဖြည်းမှန်မှန်လေးလုပ်ဆောင်ကာ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင်လုပ်ဆောင်နေတဲ့အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

နန်းမြတ်တို့မိသားစုလေးကတော့ သာယာနွေးထွေးမှုအပြည့်နဲ့ ချစ်ချစ်ခင်ခင်ရှိကြလို့ အားကျစရာမိသားစုလေးပဲဖြစ်ပါတယ်နော်။အခုဆိုရင်တော့ Jack Jack လေးက အပြင်ရောက်တဲ့အချိန်လေးမှာ ဖြည့်စွက်စာခွံ့ကျွေးတာကိုငြိမ်ငြိမ်လေးစားနေပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

Photo Credit:Nann Myat Phyo Thinn's Facebook

Video Credit:Nann Myat Phyo Thinn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။