အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ဘိုမရုပ်လေးပမာ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နန်းဆုက ရုပ်ရည်လေးကလည်း ချောမောလှပတဲ့အပြင် အသံလေးကလည်း နားဝင်ချိုပြီး နားဆင်လို့ကောင်းတာကြောင့် ပရိသတ်တွေကပိုမိုချစ်ခင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုက ကြော်ငြာလေးတွေရိုက်ကူးနေသလို သီချင်းအသစ်တွေလည်း ဖန်တီးနေတာ ဖြစ်ပါတယ်။ 

Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB

ဒီရက်ပိုင်းမှာတော့ နန်းဆုက ရေဦးမြို့ရှိ " Golden Eagle Academy (GEA) private school " ရဲ့ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေပေးခဲ့ရပါတယ်။ ဒီပွဲလေးမှာတော့ နန်းဆုက နာမည်ကြီးတေးသီချင်းတွေအပါအဝင် သူမရဲ့သီချင်းတွေလည်း သီဆိုခဲ့တဲ့အပြင် အဆိုတော် Key နဲ့တွဲဖက်ပြီး စုံတွဲသီချင်းလေးတစ်ပုဒ်ကိုလည်း ဖျော်ဖြေပေးခဲ့ပါတယ်။ သီချင်းဆိုကောင်းတဲ့ နန်းဆုရဲ့ဖျော်ဖြေမှုနဲ့အတူ ကလေးတွေကလည်း ပျော်ပျော်ပါးပါးကခုန်ပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB

နန်းဆုက အမှတ်တရဖြစ်ခဲ့တဲ့ပွဲလေးက ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို "ရေဦးမြို့က Golden Eagle Academy (GEA) private school ရဲ့ အာစရိယပူဇော်ပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲမှာ သီဆိုဖျော်ဖြေခဲ့ပါတယ်.ကျောင်းမှတာဝန်ရှိသူများ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများရဲ့ နွေးနွေးထွေးထွေးကြိုဆိုမှုနှင့်ပျော်ပျော်ပါးပါးအတူတူလိုက်ဆိုကခုန်ပေးမှုကြောင့် ခရီးပန်းနေပေမယ့် အရမ်းပျော်ရွှင်ခဲ့ရပါတယ်ရှင့်.." ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ဖျော်ဖြေမှုဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Nansu Yati Soe's FB

Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB

Video Credit- Nansu Yati Soe's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။