ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ မြောက်ဆူမာတြား ကမ်းလွန်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအလွန်ကြီးသော ငလျင်အကြောင်းကို ဗဟုသုတရဖွယ် မှတ်သားသိရှိရအောင် ရေးသားတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပြင်းအား ၉.၁ ရှိတဲ့ ငလျင်ကြီးက ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ ကျောက်လွှာချပ်က မြန်မာကျောက်လွာချပ်အောက်သို့ ကြီးမားသော ပြင်းအားဖြင့် တွန်းထိုးခဲ့မှုကြောင့် မြေအောက် ငလျင်လှုပ်ခဲ့ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ရာတွင် အင်ဒိုနီးရှားနိုင်ငံက အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။ ၂၀၀၄ ဆူနာမီ ငလျင်ဘေးကြောင့် လူပေါင်း ၂၃၀၀၀၀ ကျော် သေဆုံးခဲ့ရာ အင်ဒိုနီးရှားနိုင်ငံတစ်နိုင်ငံတည်းတွင် လူပေါင်း ၁၇၀၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

photo credit pngtree

သေဆုံးကြသူများ၏ ရုပ်အလောင်းများအား ပြန်လည်မရရှိနိုင်ခဲ့ဘဲ အချိန်တစ်လကြာမှသေဆုံးသူ လူဦးရေစာရင်းကို ထုတ်ပြန် နိုင်ခဲ့ပါတယ်။ ဒေသတွင်းမှ ငါးဖမ်းလုပ်ငန်းနှင့် စက်မှုလုပ်ငန်း အခြေခံ အဆောက်အအုံများဟာ ၆၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပါတယ်။ အာရှ နှင့် အရှေ့အာဖရိက ၁၄ နိုင်ငံတွင် သမိုင်းတစ်လျောက် ကြောက်ဖွယ်အကောင်းဆုံး ဆူနာမီ ရေလှိုင်းဒဏ်ကို၂၀၀၄ ခရစ္စမတ် အပြီးတွင် ပြင်းထန်စွာခံခဲ့ကြရတာဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားခဲ့တဲ့ သတင်းလေးကို နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။