ရန်ကုန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နောက်တန်းကစားသမား ပြည့်ဖြိုးအောင် ကို အသင်းက ထွက်ခွာခွင့်ပြုလိုက်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်း၏ ဝါရင့်နောက်ခံကစားသမား ပြည့်ဖြိုးအောင် ၏ နှုတ်ဆက်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဘောလုံးပွဲစဉ်ကို ယနေ့ညနေ ၄ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

အဆိုပါ နှုတ်ဆက်ပွဲမှာ Air Bagan FC အသင်းသားဟောင်းတွေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းသားဟောင်းတွေ ပါဝင်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း ဟု မတည်ထောင်မီ ၂၀၀၇ ခုနှစ်မှစတင်ပြီး Air Bagan FC အသင်းနှင့်အတူ ပါဝင်ပွဲထွက်ကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

၂၀၀၉ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ်စတင်ချိန်မှာ Air Bagan FC အသင်းနာမည်ကနေ ရန်ကုန်ယူနိုက်တက်အသင်း အမည်ဖြင့် စတင်ယှဉ်ပြိုင်ချိန်မှာလည်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့ပြီး အမှတ်ပေးဖလား ၅ ကြိမ်၊ ရှုံးထွက်ဖလား ၃ ကြိမ်နှင့် ကွင်းဖွင့်ဖလား ၃ ကြိမ်ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

source: Yangon United Football Club 's facebook  

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။