မင်းသမီးချောလေး အေးမြတ်သူကတော့ ပြုံးလိုက်တိုင်း ပါးချိုင့်လေးနှစ်ဖက်နဲ့ ချစ်စရာကောင်းနေတာကြောင့် အားလုံးကကြွေနေရတာ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ကျစ်လျစ်လှပတဲ့ အေးမြတ်သူက အသက် (၃၀)ကျော်ရွယ်အမျိုးသမီးတစ်ဦးလို့ မထင်ရလောက်အောင်ကို အရွယ်တင်လွန်းတာ ဖြစ်ပါတယ်။ အေးမြတ်သူက ပျော်ပျော်နေတတ်ပြီး အားကစားပုံမှန်လုပ်တာကြောင့် အခုလိုနုပျိုနေရတာလည်း ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Aye Myat Thu's FB
Photo Credit- Myat Lay's IG

လက်ရှိမှာဆိုရင်လည်း အေးမြတ်သူက ညောင်ရွှေဘက်ကို ခရီးထွက်ရင်း အင်းလေးမြင်းစီးကလပ်ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ အေးမြတ်သူက အကြောက်တရားတွေကို ကျော်လွှားပြီး သုဓနုဆိုတဲ့မြင်းလေးနဲ့အတူ တောင်ပေါ်ခရီးမှာ အတွေ့အကြုံအသစ်တစ်ခုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အခုလည်း အေးမြတ်သူက မြင်းဒုန်းစိုင်းစီးပြီး စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit- Myat Lay's IG
Photo Credit- Myat Lay's IG

အေးမြတ်သူက " မမမြတ်လေး.... သုဓနု နဲ့ ရင်ခုန်ခဲ့ရတဲ့ အချိန်လေးတခုကို ပြန်မျှဝေတာပါရှင့်...အကြောက်တရားတွေ ကို အောင်နိုင်တဲ့အချိန်မှာရရှိတဲ့ပျော်ရွှင်ရင်ခုန်မှုတွေက ကိုယ်တိုင်ခံစားရမှ ပိုသိလိမ့်မယ်... ကျမ တို့တွေ အကြောက်တရားတွေကို ကျော်လွှားကြရအောင်လိုင်းမမိတဲ့နေရာမှ ကိုယ်ပျော်နေပါတယ်လို့မြင်းစီအားကစားကို ခုထပ် ပိုလေ့လာပြီး.... ကျွမ်းကျွမ်းကျင်ကျင်စီးတက်အောင် ပိုကြိုးစားမယ်ရှင့်...ချစ်ရသူတို့ရော" ဆိုပြီး ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Aye Myat Thu's FB

Photo Credit- Myat Lay's IG  

Photo Credit- Myat Lay's IG
Photo Credit- Aye Myat Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။