ပရိသတ်ကြီးရေ အေးဝတ်ရည်သောင်းကတော့အနုပညာအလုပ်တွေကို တစိုက်မက်မက်ပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကိုလည်း တစ်ခဲနက်ရရှိနေတာဖြစ်ပါတယ်။မြန်မာဆန်ဆန်လေးနဲ့လှပနုပျိုနေတဲ့ အေးသောင်းက အသက်၃၀ကျော်အရွယ်ထိတိုင်နုပျိုနေဆဲပါနော်။အခုဆိုရင်တော့ မင်းသမီးချောလေးမအေးသောင်းက မိခင်မေတ္တာနဲ့ပက်သက်ပြီးတော့ သူမရဲ့ရင်ထဲကခံစားချက်လေးကိုရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook

"မနက်က အမေ့အကောင့်မှာ အမေရေးထားတာလေးတွေ့ပြီး စိတ်မကောင်းဖြစ်မိ တခါတလေ အလုပ်တွေလောဘကြီးမိလို့ အိမ်ကိုပစ်ထားသလိုဖြစ်နေမိပြီလားလို့ တွေးမိတယ်လေ။ကိုယ်သာ မိခင်တစ်ယောက်ဖြစ်လာရင်အမေ့လိုပဲ........အခုလို အမေလေအဲ့ဒီချိန်က အမေသားသမီးတွေကို အမေဖက်တွယ်ထားတယ်။အဲ့‌ဒီချိန်ကအမေ့သားသမီးတွေမျက်ရည်ကို အမေသုတ်ပေးခဲ့တယ်။အဲ့ဒီချိန်ကအမေ့သားသမီးတွေကို အမေပဲကျောင်းပို့ပေးခဲ့တယ်။အဲ့ဒီ‌ချိန်ကအမေ့သားသမီးတွေကိုအမေကျရာလုပ်ကျွေးခဲ့တယ်။

Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook

အဲ့ဒီချိန်ကအမေ့သားသမီးတွေကိုအမေပျော်ရွှင်စေခဲ့တယ်။အဲဒီချိန်ကအမေ့သားသမီးတွေကိုအမေ့အိမ်ထဲအမေ့အရိပ်အောက်မှာနွေးထွေးစေခဲ့တယ်။အဲ့ဒီချိန်ကအမေ့အိမ်ရှေ့သစ်ပင်ရိပ်မှာအမေ့သားသမီးတွေအမောဖြေနေတာကိုအမေကျေနပ်ပြီးကြည့်နေဘူးတယ်။ခုလေ အမေအသက်အမေ့အရွယ်အရ အမေဟာအရိပ်တခုအောက်မှာနွေးထွေးနိုင်ပါ့မလားလို့တွေးရင်းတွေးရင်းအိပ်ပျော်သွားတယ်။(အမေ့အိမ်မက်မက်နေတာလား)အမေဆိုတာသည်းခံခွင့်လွှတ်တတ်တဲ့အနုပညာဟာမွေးရာပါ ပညာတစ်ခုပါပဲ။"ဆိုပြီးမိခင်မေတ္တာအကြောင်းကိုရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook

Photo Credit:Aye Thaung's Facebook

Source:Aye Thaung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။