မြန်မာဆန်တဲ့ရုပ်ရည်လေးနဲ့ချစ်စရာကောင်းသူလေးကတော့တက်သစ်စမင်းသမီးလေးပိုးကြာဖြူခင်ပါ။သူမဟာMrtv4ဇာတ်လမ်းတွဲများနဲ့အောင်မြင်လာခဲ့ပြီးပရိတ်အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။သူမပါဝင်သရုပ်ဆောင်ထားတဲ့ဆိုင်းမိုင်ဆိုတဲ့ဇာတ်ရုပ်လေးနဲ့လည်းလိုက်ဖက်မှုရှိလှပြီးပရိတ်သတ်အချို့ကသူမကိုဆိုင်းမိုင်လို့တောင်ချစ်စနိုးခေါ်ကြပါတယ်နော်။


Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

မင်းသမီးလေးပိုးကြာဖြူခင်ဟာမကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် ဘိုကလေးကျိုက်လတ် ပန်းပဲစုကွင်းချောင်းလေးရွာကိုယုန်မလေးလာနေပါပြီနော် ညကျရင်အလှူမှာသီချင်းတွေအတူတူဆိုကြမယ်ဆိုတဲ့captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ပိုးကြာဖြူခင်ဟာယုန်ပုံစံstickerလေးတွေနဲ့selfieရိုက်ထားပြီးအသည်းယားဖွယ်ပို့စ်လေးတွေကိုပေးနေတာပါ။ပိုးကြာဖြူခင်တစ်ယောက်ကတော့သူမချစ်တဲ့ပရိတ်သတ်တွေနဲ့တွေ့ဆုံရမှာဖြစ်လို့အရမ်းကိုပျော်နေတာပဲဖြစ်ပါတယ်။


Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

ပိုးကြာဖြူခင်ဟာယခုလတ်တလောတွင်အနုပညာလှုပ်ရှားမှုများကိုအဆက်အပြတ်ကြိုးစားလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းဆိုင်းမိုင်လေးကိုချစ်ခင်အားပေးကြမယ်မလား။ယုန်မလေးလိုချစ်စရာကောင်းနေတဲ့ပိုးကြာဖြူခင်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

Source-Poe Kyar Phyu Khin's Facebook

Photo Credit-Poe Kyar Phyu Khin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။