သရုပ်ဆောင် မင်းသားချော နေတိုးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်များစွာ ရိုက်ကူးနေရသူပဲ ဖြစ်ပါတယ်။ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောက်ျားပီသတဲ့နေတိုးက ပျိုပျိုမေလေးတွေရဲ့အသည်းစွဲချစ်ခင်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့ နေတိုးက တကယ့်ကိုလူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ်။

Photo Credit- Nay Toe's Facebook
Photo Credit- Nay Toe's Facebook
Photo Credit- Nay Toe's Facebook

လက်ရှိမှာဆိုရင်တော့ နေတိုးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်များစွာ ရိုက်ကူးနေရသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ အခုလည်း နေတိုးက ပရိသတ်တွေကြားမှာ အောင်မြင်မှုများစွာရရှိနေတဲ့ " ကြောက်ကြောက်ကြောက် (၂) " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ရိုက်ကွင်းနောက်ကွယ်က အဖြစ်အပျက်တွေနဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။

Photo Credit- Nay Toe's Facebook
Photo Credit- Nay Toe's Facebook
Photo Credit- Nay Toe's Facebook

နေတိုးက "ကြောက်ကြောက်ကြောက်၂ ရုပ်ရှင်ရိုက်ကူးမှုနောက်ကွယ်မှအဖြစ်အပျက်များနဲ့အမှတ်တရတချို့ပါပြည်ပနိုင်ငံများနဲ့ယှဉ်ရင် မပြောပြလောက်တဲ့ကြိုးစားအားထုတ်မှုတစ်ခုလို့ပဲဆိုကြပါစို့မပြောပြလောက်တဲ့ကြိုးစားမှုကိုတောင်ဒီလောက်ထိအားပေးနေကြတာတွေ့ရတော့ပရိသတ်အပေါ်ကျွန်တော်တို့တာဝန်မကျေနိုင်သေးသလိုခံစားရပြန်တယ်။ပြောပြလောက်တဲ့ကြိုးစားမှုမျိုးဖြစ်အောင်ကြိုးစားကြပါဦးမယ်...ထာဝရ ပါမျက်မှန်းတန်းမိနေသောသရဲများနဲ့ကြောက်ကြောက်ကြောက်(၂) movie making" ဆိုပြီး ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Nay Toe's Facebook  

Photo & Video Credit- Nay Toe's Facebook 

Photo Credit- Nay Toe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။