ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်လေးလို့ ဆိုရမယ့် မွေးကင်းစ ကလေးငယ်လေးကို မြွေတွေဝိုင်းဝန်းစောင့်ကြပ်ပေးတဲ့ အကြောင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မြွေတွေက ပုံမှန်အားဖြင့် လူကိုမြင်လိုက်တာနဲ့ ကြမ်းတမ်းတဲ့ အမူအရာတစ်ခု ြပောင်းလဲသွားပြီး သူတို့ရဲ့ အဆိပ်၊ ဒါမှမဟုတ် မျက်လုံးနဲ့ ညှို့ပြီး အန္တရာယ်ပြု တိုက်ခိုက်စားသောက်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ကလေးငယ်ကိုတော့ ရန်မလို၊ မတိုက်ခိုက်ဘဲ ဝိုင်းဝန်းစောင့်ရှောက်ပေးနေတာကို အံ့အားသင့်ဖွယ် မြင်တွေ့ကြရမှာပါနော်။

photo credit သံ ဇဉ် မိုးဇတ်

အိန္ဒိယတောင်ပိုင်း ရာဂျပ်သမ်း ပြည်နယ် ဂျပ်ပါး အရပ်မှာရှိတဲ့ မိသားစုဝင် မွေးကင်းစကလေးငယ်လေးကို အဆိပ်ပြင်းလွန်းတဲ့ မြွေတွေက ဝိုင်းဝန်း စောင့်ရှောက်ပေးကြတာ ဖြစ်ပါတယ်။ အဲ့ကလေးလေးရဲ့ အဖေပြောပုံအရ "သူ့ကလေးက အရမ်းငိုတတ်ပါတယ်၊ အဲ့လို အရမ်းငိုတဲ့အခါတိုင်း မြွေကြီးတွေက အပြေးအလွှား ရောက်လာတတ်ပြီး အနားမှာနေပေးပါတယ်" တဲ့နော်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကလေးငယ်လေးက မြွေကြီးကို ဖက်ထားတာဟာ အရင်ဘဝက ပတ်သက်ဆက်နွယ်ခဲ့တယ်လို့ ပြောရမလား၊ ဒါမှမဟုတ် ကလေးငယ်လေးရဲ့ ဘုန်းတန်ဖိုးက မြင့်နေလို့များလားဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

photo credit သံ ဇဉ် မိုးဇတ်

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကလေးလေးကတော့ အဆိပ်ပြင်းလွန်းတဲ့ မြွေကြီးတွေနဲ့ ဆော့ကစားရရင် အငိုတိတ်ပြီး ပျော်ရွှင်သွားပါတယ်။ မြွေကြီးတွေက သူတို့ကို ရန်မမူနိုင်တဲ့ ကလေးငယ်ရဲ့ လှုပ်ရှားသွားလာနေပုံကို အံ့အားသင့်နေပုံရတယ်လို့ အချို့ကဆိုကြပါတယ်။ ဒါ့အပြင်ထူးခြားတာက ရာဂျပ်သမ်း ပြည်နယ်ဟာ မြွေသိုက်လို့ ပြောရလောက်အောင် မြွေတွေ အလွန်ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အခုဖော်ပြပေးသွားခဲ့တဲ့ ထူးဆန်းအံ့သြဖွယ် အကြောင်းအရာကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။