photo credit - liquipedia

GH ကတော့ Lebanon နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်ကတော့ Maroun Merhej ပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1995 ခုနှစ် 6 လပိုင်း 17 ရက်နေ့မှာဖြစ်ပြီး အခုဆိုရင် GH ဟာ အသက် ၂၄ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူရဲ့ပထမဆုံးကစားခဲ့တဲ့ Dota2 pro team ကတော့ Wired Gaming ဖြစ်ပြီး 2014 ခုနှစ်လောက်က ကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ GH ဟာ E-LAB အသင်းကိုပြောင်းရွှေ့ခဲ့ပေမယ့် အချိန်တခုလောက်ကစားခဲ့ပြီးနောက် 2017 ခုနှစ် 1 လပိုင်းမှာ Team Liquid ကိုပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

Team Liquid ကိုရောက်ရှိလာချိန်မှာတော့ GH ဟာ Dota 2 pro Scene မှာ လူသိများတဲ့ player တစ်ဦးဖြစ်လာခဲ့ပြီး Team Liquid နဲ့အတူ The International 2017 Dota 2 Championship ပြိုင်ပွဲကြီးမှာ ချိန်ပီယံဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။

နောက်ထပ် Team Liquid နဲ့အတူ GH ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကတော့

Starladder i-League Star Series Season 3

Epicenter 2017

China Dota2 Supermajor တို့မှာ 1st place ရရှိခဲ့ပါတယ်။

DreamLeague Season 8

EPICENTER XL

MDL Disneyland Paris Major 2019

EPICENTER Major 2019

The Internation 2019 တို့မှာ 2nd place ရရှိခဲ့တာတို့ပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။