မင်းသမီးချောလေး ပိုးအိအိခန့် ကတော့ အနုပညာနယ်ပယ်မှာ နေရာလေးတစ်ခုကိုအခိုင်အမာရပ်တည်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီးလေး ပိုးအိအိခန့်ကချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် သာယာဖြောင့်ဖြူးပြီး ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ ထားတာပဲဖြစ်ပါတယ်နော်..။

Photo Credit – Poe Ei Ei Khant’s Facebook
Photo Credit – Poe Ei Ei Khant’s Facebook

ယခုမှာဆိုရင်လည်း မင်းသမီးချောလေး ပိုးအိအိခန့်က အရင်က သူမဝတ်ခဲ့တဲ့ မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးကိုဝတ်ကာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေကိုမင်းသမီးချောလေး ပိုးအိအိခန့်က သူမအပျိုဘဝတုန်းက ဝတ်ခဲ့တဲ့ မြန်မာဝတ်စုံလေးကို ယခုလိုပဲ ပြောလာရာမှာတော့ “ အရင်က ကိုယ့်ပုံလေးတွေကို ပြန်ကြည့်ပြီး Motivation ရမရတော့မသိဘူး…စိတ်ဓာတ်တော့ အတော်ကျတယ် …ခုတော့ အဲ့ဝတ်စုံတွေကိုဝတ်ဖို့ အပြောနဲ့ မျက်စောင်းတောင်မထိုးရဲ “ ဆိုပြီးပြောထားသေးပါတယ်။

Photo Credit – Poe Ei Ei Khant’s Facebook
Photo Credit – Poe Ei Ei Khant’s Facebook

ပရိသတ်ကြီးလည်းစိတ်မကောင်းဖြစ်နေတဲ့ မင်းသမီးချောလေး ပိုးအိအိခန့်ကိုအားပေးစကားလေးပေးလိုက်ပါဦးနော်..။ ပိုးအိအိခန့်ကလည်း ပရိသတ်တွေ ကြည့်ရှုစေဖို့ အရင်က ဝတ်ဆင်ခဲ့တဲ့ မြန်မာဖက်ရှင်ဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးအိအိခန့်ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Poe Ei Ei Khant’s Facebook

Photo Credit – Poe Ei Ei Khant’s Facebook

Source - Poe Ei Ei Khant’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။