မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရင်း အောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အရည်အချင်းပြည့်ဝတဲ့ ပိုးအိအိခန့်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ခဏရပ်နားထားခဲ့ပါတယ်။ ပိုးအိအိခန့်က ဘောလုံးသမားအောင်သူနဲ့ လက်ထပ်ထိမ်းမြားပြီး ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့သားလေးကတော့ အသက်ငါးလကျော်အရွယ်ရှိနေပြီဖြစ်ပြီး ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ ကလေးလေး ဖြစ်ပါတယ်။ မိသားစုရဲ့ဆည်းလည်းလေးဖြစ်တဲ့ သားလေးကိုတော့ ပိုးအိအိခန့်တို့ဇနီးမောင်နှံက လက်ကမချနိုင်အောင် ချစ်ကြတာ ဖြစ်ပါတယ်။ အခုလည်း ပိုးအိအိခန့်က သားကိုကိုးလေးကို ချော့သိပ်ရင်း ဗီဒီယိုလေးရိုက်ကာ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ပိုးအိအိခန့်က " ကိုယ်ကတော့ Have a sweet dream တွေဘာတွေလုပ်လို့ သူကတော့ ပြူးကြောင်ကြောင်နဲ့ ပြန်နိုးလာ " ဆိုပြီး သူမတို့သားအမိရဲ့ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ မျက်လုံးအဝိုင်းသားလေးနဲ့ မေမေ့ကိုလိုက်ကြည့်နေတဲ့ ကိုကိုးလေးကတော့ တကယ့်ကိုချစ်ဖို့ကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးအိအိခန့်တို့သားအမိရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Poe Ei Ei Khant's FB

Photo & Video Credit-Poe Ei Ei Khant's FB 

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။