photo credit - MidOne twitter

လက်ရှိ Dota 2 players တွေကြားမှာတော့ MidOne ဟာ OG အသင်းကိုရောက်ရှိလာနိုင်တယ်ဆိုတဲ့ ကောလဟာတွေထွက်ပေါ်နေပါတယ်။

MidOne အနေနဲ့လည်း Team Secret ကထွက်ပြီးနောက်မှာ Sea Region ကိုပြန်လာပြီး SeaMonkeys ဆိုတဲ့အသင်းသစ်ကို ဖွဲ့စည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ MidOne ဘယ် organization နဲ့မှ contract မရှိတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

အသစ်ပြန်ဖွဲ့စည်းတော့မယ့် LGD.Int အသင်းမှာလည်း MidOne ပါမယ်လို့ ကောလဟာလတွေထွက်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ဘာသတင်းအစမှမကြားရသေးပါဘူး။

OG အသင်းအနေနဲ့လည်း သူတို့ရဲ့ ရာသီအစပထမဆုံး ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေမှာ main players တွေက အနားယူတတ်တာကြောင့် stand in players တွေခေါ်ယူပြီး ကစားတတ်တာကလည်း မျက်မြင်ကိုယ်တွေ့ပါပဲ။

OG အသင်းအနေနဲ့လည်း Pro Circuit ပွဲစဉ်တွေကို ပြန်လည်ယှဉ်ပြိုင်တော့မယ်ဖြစ်ကြောင်း ကြေညာထားပေမယ့် သူတို့ရဲ့ roster နဲ့ပတ်သတ်ပြီး ပြောကြားထားခြင်းမရှိသေးပါဘူး။

ဒါ့ကြောင့် MidOne အနေနဲ့ OG အသင်းကို ကောလဟာလတွေအတိုင်း တကယ်ပဲရောက်ရှိလာနိုင်သလို MidOne မဟုတ်တဲ့ အခြားသော players တွေလည်း OG ကိုရောက်ရှိလာနိုင်ပါတယ်။

တချို့သောကောလဟာလတွေကလည်း တကယ်ဖြစ်လာနိုင်တာကြောင့် MidOne ကြီး OG ကိုရောက်မရောက်ကတော့ စောင့်ကြည့်သွားရမှာပါပဲ။

MLEsports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။