လအတော်အတန်ကြာအောင် လောင်ကျွမ်းနေတဲ့ သြစတြေးလျတောမီးလေးကို ကူညီဖို့အတွက် Streamer အဖွဲ့အစည်းတစ်ခုဟာ အချိန် အတော်အတန်ကြာအောင် Streaming လုပ်ပြီး အလှူငွေတွေကောက်ခံပေးခဲ့ပါတယ်။

၎င်း streamer အဖွဲ့ကတော့ The Click Crew ဖြစ်ပြီး နာမည်ကျော် streamers တွေဖြစ်တဲ့ Muselk , Crayator , Bazz, Lazarbeam , Loserfruit နဲ့ Tannar တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

၎င်း steamer အဖွဲ့ကတော့ အချိန် တရက်ကျော်ကြောအောင် Streaming လုပ်ကာ အလှူငွေကောက်ခံပေးခဲ့တာဖြစ်ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ 2 သိန်း 2 သောင်းကျော်လောက် ရရှိခဲ့ပါတယ်။

၎င်းရရှိခဲ့တဲ့ အလှူငွေတွေအားလုံးကို The Click Crew ဟာ သြစတြေးလျ တောမီးဘေးကို ရင်ဆိုင်ဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေကို ခွဲဝေလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Source – Loserfuruit twitter and Dot esports

phto credit - Loserfruit twitter
phto credit - Loserfruit twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။