"အဆောင်" Horror ရုပ်သံဇာတ်လမ်းတွဲမှာ သရဲမလေး နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆုထက်ဟာ အနုပညာတစ်ခုတည်း ထူးချွန်တာမဟုတ်ဘဲ gaming ပိုင်းမှာလည်း နာမည်ကျော်လူကြိုက်များသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာ ပထမ ခြေလှမ်းအနေနဲ့ အဆောင် ၁ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေ များစွာရရှိတာကြောင့် seanson 2 အနေနဲ့ ထပ်မံထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၁ရက်နေ့ fortune TV မှာ တိုက်ရိုက် ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

Photo credit Su Htat's facebook page

MLTVကနေ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ရိုက်ကွင်းမှာတုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ပါတယ်။ ဆုထက်ရဲ့ ချစ်ဖို့ကောင်းတဲ့ အသံလေးနဲ့ ပြောပြလာတာကို ပရိသတ်ကြီးကြည့်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်တာပါ။ ပထမကားမှာ သရဲ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရတာကြောင့် ဆံပင်ရှည်ထားရတာတွေ၊ မျက်ကပ်မှန်အတုတပ်ရတာတွေက တစ်ကယ့်ကို သူမအတွက် ခက်ခဲပါတယ်။

Photo credit Su Htat's facebook page

အခုနောက်ထွက်လာမယ့် seanson ၂ မှာတော့ လူဖြစ်သွားပေမယ့် "Dialogues" တွေ အများကြီးရွတ်ရတာကြောင့် မှားသွားမှာ၊ မပီမသ ဖြစ်မှာဆိုးတဲ့ ပူပန်မှုတွေ ရှိခဲ့ပါတယ်။ နဂိုကတည်းက သူမရဲ့ အသံနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ အနည်းငယ်ရှိခဲ့တာကြောင့် စကားပြောတဲ့နေရာမှာ ပိုပြီးအားစိုက်ခဲ့ရပါတယ်။ Streaming ပိုင်းရော၊ အနုပညာပိုင်းမှာကော ပရိသတ်တွေ အားပေးရကျိုးနပ်အောင် အစွမ်းကုန်ကြိုးစားသွားမှာလို့ စကားလက်ဆောင်ပါးခဲ့ပါတယ်။ ချစ်ပရိသတ်ကြီး ဗီဒီယိုဖိုင်လေးကို ကြည့်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit Su Htat's facebook page
Photo credit Su Htat's facebook page
Photo credit Su Htat's facebook page

Photo credit Su Htat's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။