အမိုက်စားrapစာသားတွေနဲ့အပီအပြင်သီဆိုတတ်သူလေးကတော့ ပရိတ်သတ်အချစ်တော်အဆိုတော်gfattပါ။Gfattဟာလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့showပွဲများသီဆိုနေပြီးပရိတ်သတ်တွေအတွက်သီချင်းကောင်းလေးတွေကိုလည်းရေးသားသီဆိုလျက်ရှိပါတယ်။Gfattဟာမကြာသေးမီကလည်းသူ့ရဲ့မွေးနေ့ပွဲလေးကိုသူငယ်ချင်းတွေချစ်ရတဲ့ပရိတ်သတ်တွေနဲ့အတူပျော်ပျော်ပါးပါးကျင်းပခဲ့ပါသေးတယ်နော်။


Photo Credit-G Fatt's Facebook
Photo Credit-G Fatt's Facebook

အဆိုတော်Gfattဟာမကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင်မင်းသားချောလေးမြင့်မြတ်တို့သားအဖနဲ့တွေ့ဆုံခဲ့တဲ့ပုံရိပ်လေးကိုတင်ပေးလာပါတယ်။မြင့်မြတ်ရဲ့သားလေးမြတ်သူဟာလည်း g fattရဲ့ရင်ခွင်ထဲမှာပျော်နေတာပဲဖြစ်ပါတယ်။G fattတစ်ယောက်ကတော့ သူနဲ့နာမည်တူသားလေးမြတ်သူနဲ့တွေ့ရလို့ပျော်နေတာပါနော်။


Photo Credit-G Fatt's Facebook
Photo Credit-G Fatt's Facebook

အဆိုတော်G fattဟာမကြာသေးမီက မန္တလေးမြို့တွင်သူ့ရဲ့တစ်ကိုယ်တော် One Man Showကိုလည်းအောင်မြင်စွာကျင်းပထားတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောGFattကိုချစ်ခင်အားပေးကြမယ်မလား။ကိုမြင့်မြတ်တို့သားအဖနှစ်ယောက်နဲ့တွေ့နေတဲ့GFattရဲ့ပုံတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-G Fatt's Facebook
Photo Credit-G Fatt's Facebook

Source-G Fatt's Facebook

Photo Credit-G Fatt's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။