ပရိသတ်ကြီးရေ မင်းသမီးချောလေးအိချောပိုကတော့ အရမ်းချစ်စရာကောင်းပြီး မျက်နှာချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့မင်းသမီးလေးတစ်လက်ပါနော်။သူမရဲ့ခန္ဓာကိုယ်အလှကလည်း အရမ်းစွဲမက်စရာကောင်းတာကြောင့် ပုရိသတွေကြားမှာအရမ်းရေးပန်းစားနေတာပါ။ ခေါင်းအစခြေအဆုံးကျော့ရှင်းလှပတဲ့သူမရဲ့ အလှအပတွေက မိန်းကလေးချင်းတောင်ငေးမောအားကျရပါတယ်နော်။
အိချောပိုကို သူမရဲ့ချစ်ပရိသတ်တွေကတော့ စူစူ လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။အနေအေးပြီးရိုးရှင်းတဲ့မင်းသမီးလေးဖြစ်တဲ့အပြင် သဘောထားပြည့်ဝကာ စိတ်ထားလေးဖြူစင်နူးညံ့လို့ သူမကိုလူတိုင်းကချစ်ခင်နေကြတာပဲဖြစ်ပါတယ်နော်။
လက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်နေပြီး ရှုတင်တွေအဆက်မပြတ်ရှိနေတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းကမှ သူမရဲ့မွေးနေ့လေးကိုရောက်ရှိခဲ့ပြီး ရိုးရှင်းစွာပဲဖြတ်သန်းခဲ့ပါတယ်။အခုဆိုရင်တော့ စိန်ရောင်တွေတလက်လက်တောက်ပနေတဲ့ နားကပ်လေးနဲ့ အိတ်လှလှလေးတစ်လုံးကို လက်ဆောင်ရခဲ့လို့ စူစူက အတိုင်းမသိပျော်ရွှင်နေတာဖြစ်ပါတယ်နော်။
Photo Credit:Ei Chaw Po's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။